• New
Chaindtite Steadfast 40 EC (250ML) / PCD-019
search
  • Chaindtite Steadfast 40 EC (250ML) / PCD-019

Chaindtite Steadfast 40 EC (250ML) / PCD-019

K35,000
Tax included
Quantity

  Security policy

(edit with the Customer Reassurance module)

  Delivery policy

(edit with the Customer Reassurance module)

  Return policy

(edit with the Customer Reassurance module)

Chaindrite Steadfast 40EC (250 ml)

*English Version Below,

ပိုးဟပ်တွေကို နှိမ်နင်းဖို့ အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းပါဝင်တဲ့ ဆေးရည်ဖြစ်ပါတယ်။ပိုးဟပ်တွေကို တိုက်ရိုက်ဖြန်းလိုက်တာနဲ့ ချက်ချင်းဆိုသလို အာနိသင်ပြပြီး ပိုးဟပ်တွေကို နာရီပိုင်းအတွင်း သေဆုံးစေပါတယ်။ ဒါကြောင့် မြင်သာတဲ့ ပိုးဟပ်တွေကို အမြန်ဆုံး ဖယ်ရှားချင်တဲ့အခါ အသုံးဝင်ပါတယ်။ ဒီဆေးရည်ဟာ မျက်နှာပြင်တွေပေါ်မှာ ဖြန်းထားပြီးနောက် အချိန်တစ်ခုအထိ အာနိသင်ကျန်နေပါတယ်။ ဒါကြောင့် ဆေးဖြန်းထားတဲ့ နေရာကို နောက်ထပ်ပိုးဟပ်တွေ ဖြတ်သန်းသွားလာမိတဲ့အခါ ဒါမှမဟုတ် ထိတွေ့မိတဲ့အခါ အဆိပ်သင့်ပြီး သေဆုံးစေနိုင်ပါတယ်။ ဒီအာနိသင်က ရက်သတ္တပတ်အနည်းငယ်ကြာအောင် ထိရောက်မှုရှိပါတယ်။ပိုးဟပ်တွေ ခိုအောင်းတတ်တဲ့ နေရာတွေဖြစ်တဲ့ နံရံအက်ကြောင်းတွေ၊ ဗီရိုအောက်တွေ၊ ရေခဲသေတ္တာနဲ့ မီးဖိုနောက်ဘက်လို ကျဉ်းမြောင်းတဲ့နေရာတွေ၊ မီးဖိုချောင်အောက်တွေကို တိုက်ရိုက်ဖြန်းပြီး ပိုးဟပ်တွေကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ပိုးဟပ်တွေ အများအပြား တွေ့နေရပြီး အခြေအနေကို အမြန်ထိန်းချုပ်ချင်တဲ့အခါ ပိုးဟပ်နှိမ်နင်းဆေးရည်က ဖြေရှင်းနည်းအနေနဲ့ အသုံးဝင်ပါတယ်။

အသုံးပြုပုံ

ပိုးဟပ်၊ကြမ်းပိုးနှင့်တွားသွားတတ်သောပိုးမွှားများအတွက်

ဆေးဖြန်းပုံး - ရေတစ်လီတာကိုဆေး၂၀မီလီလီတာ အသုံးပြုပေးရပြီး ရောစပ်ပြီးတစ်လီတာလျှင် 20m2 အသုံးပြုနိုင်ပါသည်။

ခြင်၊ယင်နှင့်ပျံသန်းနိုင်သောပိုးမွှားများအတွက်

ဆေးဖြန်းပုံး - ရေတစ်လီတာလျှင်ဆေး၆မီလီလီတာအသုံးပြုပေးရပြီး ရောစပ်ပြီးတစ်လီတာလျှင် 20m2 အသုံးပြုနိုင်ပါသည်။

Mist Blowerစက် - ရေတစ်လီတာလျှင် ဆေး၁၀မီလီလီတာအသုံးပြုပေးရပြီး ရောစပ်ပြီးတစ်လီတာလျှင် 100m2 အသုံးပြုနိုင်ပါသည်။

  •  ဆေးဖြန်းသူသည် လက်အိတ်နှင့်နှာခေါင်းစည်တပ်ဆင်ပေးပါ။
  •  ဆေးဖြန်းချိန်တွင် အစားအသောက်များကို ဖုံးအုပ်ထားပေးပါ။
  •  ပိုးမွှားများသွားရာလမ်းကြောင်းများကို ကြိုတင်ဖြန်းထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
  •  ဤဆေးကို ပိုးမွှားသို့တိုက်ရိုက်ဖြန်းပေးပါက ပိုမိုကောင်းမွန်သော ရလာဒ်ကို ရရှိစေမှာဖြစ်ပါတယ်။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

  • ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့်အ၀တ်အစားများကို ဆေးမထိစေရပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားမစားရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးအသုံးပြုပြီး အစားမစားမှီ မျက်နှာနှင့်လက်ကို ဆပ်ပြာသုံး၍ ဆေးကြောပါ။

ရှေးဦးသူနာပြုကုသနည်း

  • အသားအရည်ကို ဆေးထိခဲ့ပါက ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောသန့်စင်ပါ။
  • မျက်စိအတွင်း ဆေး၀င်ခဲ့ပါက ရေသန့်သန့်ဖြင့် ချက်ချင်းဆေးကြောပါ။
  • အ၀တ်အစားများ‌ဆေးပေပါက ဆေးထိသောနေရာကို ရေဖြင့်ချက်ချင်းဆေးကြောပါ။
  • ဆေးမျိုချမိပါက လူနာအား နီးစပ်ရာဆေးရုံသို့ချက်ချင်းပို့ပြီး ဆေးကုသမူခံယူပါ။

သို‌လှောင်ခြင်းနှင့်စွန့်ပစ်ခြင်း

  • ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့်မီး ကင်းလွတ်ရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးအခွံအား မြစ်ချောင်း၊ ရေမြောင်းများအတွင်းသို့ မစွန့်ပစ်ရပါ။
  • ဆေးဘူးအခွံအား ပြန်လည်အသုံးမပြုရပါ၊ ဖျက်စီး၍ မြေမြုပ်ပစ်ပါ။ မီးမရှို့ပါနှင့်။

*English version 

This is a chemical-based insecticide specially formulated for cockroach control. When sprayed directly, it provides an almost immediate knockdown effect, causing cockroaches to die within a few hours. It is useful for quickly removing visible cockroaches. After application, the insecticide remains active on treated surfaces for a certain period of time. As a result, cockroaches that later cross over or come into contact with these surfaces will also be poisoned and die. This residual effect can last for several weeks.

It is most effective when applied in areas where cockroaches typically hide, such as wall cracks, under cabinets, behind refrigerators and stoves, and narrow spaces under sinks. This makes the spray especially useful when cockroaches are heavily present and quick control is needed.


Directions for Use

For cockroaches, ants, and crawling insects:

  • Sprayer: Mix 20 ml of product with 1 liter of water. One liter of mixed solution covers 20 m².

For mosquitoes, flies, and flying insects:

  • Sprayer: Mix 6 ml of product with 1 liter of water. One liter of mixed solution covers 20 m².

  • Mist blower: Mix 10 ml of product with 1 liter of water. One liter of mixed solution covers 100 m².

Precautions During Application

  • Applicator must wear gloves and a face mask.

  • Cover all food items during spraying.

  • Spraying insect pathways in advance can also help prevent infestations.

  • Direct spraying onto insects will deliver the best results.


Insecticide Safety Precautions

  • Avoid contact with mouth, eyes, nose, skin, and clothing.

  • Do not eat or smoke while handling the product.

  • After use and before eating, wash hands and face thoroughly with soap and water.

First Aid Instructions

  • If skin contact occurs: Wash thoroughly with soap and plenty of water.

  • If eye contact occurs: Rinse immediately with clean water.

  • If clothing is contaminated: Rinse affected area with water at once.

  • If swallowed: Take the patient immediately to the nearest hospital and seek medical treatment.


Storage and Disposal

  • Store in a safe place away from children, pets, and fire.

  • Do not dispose of empty containers into rivers, streams, or canals.

  • Do not reuse empty containers. Destroy them and bury underground. Do not burn.

199 Items
Comments (0)
No customer reviews for the moment.