• New
Chaindrite Perforce 500 (250 ML) / PCD-020
search
  • Chaindrite Perforce 500 (250 ML) / PCD-020

Chaindrite Perforce 500 (250 ML) / PCD-020

K30,000
Tax included
Quantity

  Security policy

(edit with the Customer Reassurance module)

  Delivery policy

(edit with the Customer Reassurance module)

  Return policy

(edit with the Customer Reassurance module)

Chaindrite Perforce 500 (250 ML)

*English Version Below,

Chaindrite Perforce 500

ခြင်တွေကို နှိမ်နင်းဖို့အတွက် အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်း ပါဝင်တဲ့ ဆေးရည်ဖြစ်ပါတယ်။ ခြင်နှိမ်နင်းဆေးရည်ကို ခြင်တွေရှိတဲ့နေရာ (ဥပမာ- အခန်းတွင်း၊ ခြံပတ်ဝန်းကျင်) ကို ဖြန်းလိုက်တာနဲ့ ချက်ချင်းဆိုသလို ခြင်တွေကို လဲကျသေဆုံးစေနိုင်ပါတယ်။ ဒါကြောင့် ခြင်ကို ချက်ချင်းဖယ်ရှားချင်တဲ့အခါ အလွန်အသုံးဝင်ပါတယ်။ ခြင်တွေ နားခိုတတ်တဲ့ နံရံတွေ၊ ကုလားကာတွေ၊ ပရိဘောဂတွေရဲ့ နောက်ဘက်၊ ခြံထဲက ချုံပုတ်တွေ၊ ရေဝပ်နိုင်တဲ့နေရာတွေရဲ့ ပတ်ဝန်းကျင်လို နေရာမျိုးတွေမှာ ဖြန်းပြီး ခြင်တွေကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ ဒီဆေးရည်ဟာ မျက်နှာပြင်တွေပေါ်မှာ ဖြန်းထားပြီးနောက် အာနိသင် ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဆေးဖြန်းထားတဲ့ နေရာကို နောက်ထပ်ခြင်တွေ လာနားမိတဲ့အခါ အဆိပ်သင့်ပြီး သေဆုံးစေနိုင်ပါတယ်။ ဒီအာနိသင်က  ရက်သတ္တပတ်အနည်းငယ်အထိ ထိရောက်မှုရှိပါတယ်။

အသုံးပြုပုံ

  • ဆေးဖြန်းပုံးဖြင့်ရေတစ်လီတာကိုဆေး၁၀-၂၀မီလီလီတာအသုံးပြုနိုင်ပါသည်။ ရောစပ်ပြီးတစ်လီတာလျှင် ၂၀စတုရန်းမီတာ(20m2)အသုံးပြုနိုင်ပါသည်။
  • ULVစက်ဖြင့်ရေတစ်လီတာကိုဆေး၁၀-၁၅မီလီလီတာအသုံးပြုနိုင်ပါသည်။ရောစပ်ပြီးတစ်လီတာလျှင်၁၀၀၀စတုရန်းပေ(1000ft2)အသုံးပြုနိုင်ပါသည်။
  • Foggingစက်ဖြင့်ဒီဇယ်တစ်လီတာကို ဆေး၁၀-၂၀မီလီလီတာအသုံးပြုနိုင်ပါသည်။ရောစပ်ပြီးတစ်လီတာလျှင် ၁၀၀၀စတုရန်းမီတာ(1000m2)အသုံးပြုနိုင်ပါသည်။
  • ဆေးဖြန်းသူသည် လက်အိတ်နှင့်နှာခေါင်းစည်တပ်ဆင်ပေးပါ။
  • ဆေးဖြန်းချိန်တွင် အစားအသောက်များကို ဖုံးအုပ်ထားပေးပါ။
  • ပိုးမွှားများသွားရာလမ်းကြောင်းများကို ကြိုတင်ဖြန်းထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
  • ဤဆေးကို ပိုးမွှားသို့တိုက်ရိုက်ဖြန်းပေးပါက ပိုမိုကောင်းမွန်သော ရလာဒ်ကို ရရှိစေမှာဖြစ်ပါတယ်။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

  • ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့်အ၀တ်အစားများကို ဆေးမထိစေရပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားမစားရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးအသုံးပြုပြီး အစားမစားမှီ မျက်နှာနှင့်လက်ကို ဆပ်ပြာသုံး၍ ဆေးကြောပါ။

ရှေးဦးသူနာပြုကုသနည်း

  • အသားအရည်ကို ဆေးထိခဲ့ပါက ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောသန့်စင်ပါ။
  • မျက်စိအတွင်း ဆေး၀င်ခဲ့ပါက ရေသန့်သန့်ဖြင့် ချက်ချင်းဆေးကြောပါ။
  • အ၀တ်အစားများ‌ဆေးပေပါက ဆေးထိသောနေရာကို ရေဖြင့်ချက်ချင်းဆေးကြောပါ။
  • ဆေးမျိုချမိပါက လူနာအား နီးစပ်ရာဆေးရုံသို့ချက်ချင်းပို့ပြီး ဆေးကုသမူခံယူပါ။

သို‌လှောင်ခြင်းနှင့်စွန့်ပစ်ခြင်း

  • ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့်မီး ကင်းလွတ်ရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးအခွံအား မြစ်ချောင်း၊ ရေမြောင်းများအတွင်းသို့ မစွန့်ပစ်ရပါ။
  • ဆေးဘူးအခွံအား ပြန်လည်အသုံးမပြုရပါ၊ ဖျက်စီး၍ မြေမြုပ်ပစ်ပါ။ မီးမရှို့ပါနှင့်။

*English Version,

Chaindrite Perforce 500

This is a chemical-based insecticide formulated for mosquito control. When applied in mosquito-prone areas (e.g., indoors, around houses, near bushes, or stagnant water), it quickly knocks down and kills mosquitoes on contact. Therefore, it is especially useful when immediate mosquito elimination is required.

The product remains active on treated surfaces for a certain period, so mosquitoes that later rest on these areas will also be poisoned and die. This residual effect can last for several weeks.

Mosquito resting and breeding areas—such as walls, curtains, behind furniture, bushes in the yard, and surroundings of water-collecting spots—should be sprayed to achieve effective control.


Directions for Use

  • Hand Sprayer: Mix 10–20 ml of product with 1 liter of water. One liter of mixed solution covers 20 m².

  • ULV Machine: Mix 10–15 ml of product with 1 liter of water. One liter of mixed solution covers 1,000 ft².

  • Fogging Machine: Mix 10–20 ml of product with 1 liter of diesel. One liter of mixed solution covers 1,000 m².


Precautions During Application

  • The applicator must wear gloves and a face mask.

  • Cover all food items during spraying.

  • Spraying insect pathways in advance can also help prevent infestations.

  • Direct spraying onto insects will deliver the best results.


Insecticide Safety Precautions

  • Avoid contact with mouth, eyes, nose, skin, and clothing.

  • Do not eat or smoke while handling the product.

  • After use and before eating, wash hands and face thoroughly with soap and water.


First Aid Instructions

  • If skin contact occurs: Wash thoroughly with soap and plenty of water.

  • If eye contact occurs: Rinse immediately with clean water.

  • If clothing is contaminated: Rinse affected area with water at once.

  • If swallowed: Take the patient immediately to the nearest hospital for medical treatment.


Storage and Disposal

  • Store in a safe place away from children, pets, and fire.

  • Do not dispose of empty containers into rivers, streams, or canals.

  • Do not reuse empty containers. Destroy and bury them underground. Do not burn.

59 Items
Comments (0)
No customer reviews for the moment.